Home » Activities » ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးအားကစားပြိုင်ပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးအားကစားပြိုင်ပွဲ

၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးအားကစားပြိုင်ပွဲ

11 fb

fb2

fb3

fb4၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို (၁၁.၁.၂၀၁၉) ရက်နေ့၊ မွန်းလွဲပိုင်း (၁:၃၀) နာရီအချိန် လားရှိုးတက္ကသိုလ် အားကစားကွင်းတွင် ကျင်းပခဲ့ရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပေါင်းစည်း(က)အသင်းနှင့် ပေါင်းစည်း (ခ)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပေါင်းစည်း (က)အသင်းက ပေါင်းစည်း(ခ)အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါသည်။

မွန်းလွဲပိုင်း (၃:၀၀နာရီ)အချိန်တွင် အမျိုးသားအသင်းဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ခဲ့ရာ ဘူမိဗေဒဘာသာရပ် အသင်းက အင်္ဂလိပ်စာဘာသာရပ်အသင်းအား  အနိုင်ရရှိခဲ့ပါသည်။

ထို့နောက် ဆုရရှိသည့်အသင်းများကို ပါမောက္ခချုပ်(တာဝန်) ဒေါက်တာကျော်ထွန်းကလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာယောဟန်ထွန်းကလည်းကောင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာလှလှတင်ကလည်းကောင်း၊ ပါမောက္ခ(ဌာနမှူး)များကလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။

 



Back